general@informationhubofmyanmar.com
+959 880 232 487
8:00am to 4:00pm

Study, Work and Live in New Zealand

Information Hub of Myanmar မှ (၂) ပတ်ကို တစ်ကြိမ်၊ ကြာသပတေးနေ့တွင် ပညာရေးဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပြီးတော့ ဒီတစ်ခေါက်မှာတော့ New Zealand နိုင်ငံ အကြောင်းကို ဝေမျှပေးချင်ပါတယ်။ကျောင်းစရိတ်လည်း သက်သာပြီး PGWP နဲ့ PR ကိုလည်း စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပွဲလေးက တက်ရောက်သင့်တဲ့ ပညာရေးဆွေးနွေးပွဲလေး ဖြစ်ပါတယ်။ 

ကျောင်းတက်နေစဥ် အတောအတွင်းမှာလည်း အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်နိုင်သလို ဘွဲ့ရရှိပြီးပါကလည်း အလုပ်အကိုင်ဖြင့် ရေရှည်နေထိုင်ခွင့်ကို လျှောက်ထားနိုင်ပြီးတော ့နေချင်စရာ ကောင်းတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ 

New Zealand နိုင်ငံမှာ သင်ကြားနိုင်မည့် ဘာသာရပ်များ၊ ကျောင်းများ၊ ပညာသင်စရိတ်များ၊ ပညာသင်ဆုများ၊ ဝင်ခွင့်သတ်မှတ်ချက်များအပြင် အခြားသော အကြောင်းအရာများကိုလည်း ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် PGWP, PR ရရှိနိုင်မှုအပြင် အခြားသော အကြောင်းအရာများကိုလည်း မေးမြန်လိုပါက Q&A Session တွင် တိုက်ရိုက် မေးမြန်း စုံစမ်းနိုင်ပါတယ်။ 

ဒီပွဲလေးကိုတော့ လာမည့် ဇွန်လ (၁၆)ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၁)နာရီ အချိန်တွင် Zoom Session ဖြင့် ကျင်းပ ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် informationhubofmyanmar.com/contact/ တွင်လည်း စာရင်းပေးသွင်းပြီး တတ်ရောက်နိုင်သလို သိရှိလိုသည်များကိုလည်း စုံစမ်းမေးမြန်နိုင်မှာ ဖြစ်ပါတယ်။