general@informationhubofmyanmar.com
+959 880 232 487
8:00am to 4:00pm
en
my
Login
Register
Home
Company Profile
Our Founder
News & Events
Contact Us
Study Abroad
Why Study Abroad?
Benefits of Study Abroad
Education Pathways
Study in The USA
Study in The UK
Study in Canada
Study in Australia
Study in Europe
Study in Newzealand
Study in Dubai
Study in Ireland
Why Study in Asia?
IMH International College
Our Partners
Our Partners
Academic Studio
Partnership Benefits & Activities
Harvey Law Group
Our Services
Our Services
Scholarship Opportunities
Appointment
Pathway to Study Medical Degrees in USA
နိုင်ငံတကာ ဆေးကျောင်း (သို့) ဆေးပညာတက္ကသိုလ် ဝင်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားတစ်ယောက်နေဖြင့် ဆယ်တန်းအောင်မှတ် တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံမှာ အကြောင်းကြောင်းကြောင့် ဆယ်တန်းအောင်မှတ်နည်းသွားလို့ ဆေးကျောင်း မတက်လိုက်ရတဲ့ ကျောင်းသူကျောင်းသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု USA နိုင်ငံမှာ ဆေးပညာကို သွားရောက် ပညာသင်ကြားနိုင်ပါတယ်။ ဆေးပညာကျောင်း တက်ရောက်ခြင်းအားဖြင့် ရရှိနိုင်သော ဆေးဘက်ဆိုင်ရာ ဒီဂရီများတွင် Bachelor of Medicine, ခွဲစိတ်မှုဘွဲ့ (MBBS, MBChB, BMBS), Doctor of Medicine (MD) သို့မဟုတ် Osteopathic Medicine (DO) အစရှိသော ဘွဲ့အမျိုးမျိုးနဲ့ ရွေးချယ်စရာ ဘာသာပေါင်း များစွာရှိပြီး ကျယ်ပြန့်လှပါတယ်။ US ရှိ ဆေးကျောင်းများသည် ထိပ်တန်းအဆင့်တွင် တည်ရှိသောကြောင့် နိုင်ငံတကာ ကျောင်းသားများ ပိုမိုကြိုက်နှစ်သက်ကြပါတယ်။ ဝင်ခွင့်အနေဖြင့် Medical Foundation တက်ဖို့ လိုအပ်သလို တက္ကသိုလ်ပေါ် မူတည်ပြီး လူတွေ့အင်တာဗျူးလည်း အောင်မြင်ဖို့ လိုအပ်ပါတယ်။ စာသင်ကြားချိန်အနေဖြင့် (၄)နှစ်ခန့် ကြာမြင့်နိုင်ပြီး ဆရာဝန်လိုင်စင် ရရှိရန် ချိတ်ဆက်ထားသော ဆေးရုံများတွင် ကွင်းဆင်း လုပ်ကိုင်ရပြီး စုစုပေါင်း (၇)နှစ်ခန့် ကြာမြင့်ပါတယ်။ ပထမနှင့် ဒုတိယနှစ်များတွင် ကျောင်းသားများသည် ခန္ဓာဗေဒ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ရောဂါဗေဒနှင့် အခြားသော အခြေခံ သိပ္ပံဘာသာရပ်များကို သင်ကြားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးပညာကို သွားရောက် သင်ကြားရန် စိတ်ပါဝင်စားသူများအနေဖြင့် ပညာရေး လမ်းကြောင်းနှင့် ပတ်သတ်သည့် ပွဲလေးကိုတော့ ဧပြီလ (၂၅-၂၉)ရက်နေ့တွင် ကျင်းပ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပညာရေးနှင့် ပတ်သတ်သည်များကိုလည်း ရှင်းလင်း ပြောပြပေးသွားမှာ ဖြစ်သလို စိတ်ပါဝင်စားသူများအနေဖြင့် သိရှိလိုသည်များကို ထိုပွဲလေးတွေလည်း မေးမြန်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဆေးကျောင်းဝင်ခွင့် သတ်မှတ်ချက်များ၊ ရွေးချယ်နိုင်သော ဘာသာရပ်များနှင့် ကုန်ကျစရိတ်များ၊ စာသင်ကြားချိန်များအပြင် အခြားသော အကြောင်းအရာများကို သိရှိလိုပါက IHM တွင် အသေးစိတ်ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။