မြန်မာနိုင်ငံမှာကျောင်းသူကျောင်းသားများအနေဖြင့် ဆေးပညာ ဘာသာရပ်ကို မလေးရှားနိုင်ငံတွင် သွားရောက်ပညာသင်ကြားချင်သူများအတွက် ပညာရေးလမ်းကြောင်းနဲ့ ပတ်သတ်သည်များကိုဝေမျှပေးချင်ပါတယ်။
မြန်မာနိုင်ငံမှအထက်တန်းအောင်မြင်ထားသော ကျောင်းသားများအနေဖြင့် Medicine Foundation ကိုတက်ရောက်ရန် လိုပါတယ်။ ပုဂ္ဂလိက ကျောင်းများတွင် ပညာသင်ကြားနေသူများကတော့ A Level,IB, SAT အစရှိသည်တို့ကို တက်ရောက်ရန် လိုအပ်ပါတယ်။
ထိုနောက်မလေးရှားနိုင်ငံတွင် Doctor of Medicine ဘွဲကို (၅)နှစ်တာ သင်ကြားရပြီးနိုင်ငံတကာမှ အသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်မလေးရှားနိုင်ငံမှတဆင့် အခြားသော နိုင်ငံများတွင်လည်း ပြောင်းရွှေ့ပညာသင်ကြားနိုင်ပါတယ်။
ဆေးပညာဘာသာရပ်ကို သင်ကြားရာတွင်လည်း ကုန်ကျစရိတ်အနေဖြင့် အခြားသော နိုင်ငံများထက်သက်သာပြီး အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်နိုင်သည့်အပြင် ပညာသင်စရိတ်များလည်းပေးအပ်လျက်ရှိပါတယ်။
မလေးရှာနိုင်ငံတွင်သွားရောက် ပညာသင်ကြားရန် ပြင်ဆင်ရာတွင် Visa Interview ဝင်ရန် မလိုအပ်သလို BankStatement လည်း ပြရန် မလိုအပ်တဲ့အတွက် ပိုမိုကောင်းမွန်ပြီး အဆင်ပြေလွယ်ကူစေပါတယ်။
ဒါကြောင့်မလေးရှာနိုင်ငံတွင် ပညာသင်ရန် လေ့လာနေသော ကျောင်းသားကျောင်းသူများအတွက် လာမည့်ဧပြီလ (၂၅-၂၉)ရက်တွင် ပညာရေးလမ်းကြောင်းနှင့် ပတ်သတ်သည်များကိုရှင်းလင်းဝေမျှပေးမည့် ပွဲကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီပွဲလေးမှာဆေးပညာနဲ့ ပတ်သတ်သည့် ပညာရေးလမ်းကြောင်းများကိုလည်း ရှင်းလင်းပြောပြပေးသွားမှာဖြစ်သလို ပညာသင်ကြားရန် စိတ်ဝင်စားသူများအနေဖြင့်လည်း သိရှိလိုသည်များကိုမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။