general@informationhubofmyanmar.com
+959 880 232 487
8:00am to 4:00pm

Pathways to Study Medical Degees in Australia

သြစတြေးလျနိုင်ငံသည် နိုင်ငံတကာ ကျောင်းသူကျောင်းသားများ ပညာသင်ကြားရန် ရွေးချယ်ကြတဲ့ အကြောင်းအရင်း များစွာရှိသည့်အနက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှု၊ ကမ္ဘာကျော် နာမည်ကြီး တက္ကသိုလ်များလည်း တည်ရှိပါတယ်။နိုင်ငံတကာ ကျောင်းသူကျောင်းသားများ အနေဖြင့် ဆေးပညာကို သွားရောက် သင်ကြားရန် စိတ်ပါဝင်စားသူများအနေဖြင့် ပညာရေးလမ်းကြောင်းများ၊ ဝင်ခွင့်များနဲ့ အခြားသော အကြောင်းအရာများကို ဝေမျှပေးချင်ပါတယ်။မြန်မာနိုင်ငံမှ ကျောင်းသားများအနေဖြင့် ဆယ်တန်းအောင်မြင်ထားသူများ၊ IGCSE O-level အောင်မြင်ပြီးပါက Medicine Foundation ကို တက်ရောက်ထားရန် လိုအပ်ပြီး အခြားသော A-Level, IB, SAT အစရှိသည်တို့ကိုလည်း တက်မြောက်ထားရန် လိုအပ်ပါတယ်။Doctor of Medicine ဘွဲ့ကို ြသစတေးလျနိုင်ငံတွင် ၅ နှင်မှ ၇ နှစ်အထိ သင်ကြားရမှာ ဖြစ်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လှပါတယ်။ နိုင်ငံတကာ ကျောင်းသားများအနေဖြင့် ရေရှည်နေထိုင်ခွင့်ကိုလည်း အများဆုံး ရရှိနိုင်တဲ့ ဘာသာရပ် တစ်ခုဆိုလည်း မမှားပါဘူး။ပညာသင်ကြားနေစဉ်မှာလည်း အလုပ်သင်အနေဖြင့်လည်း လုပ်ကိုင်ခွင့် ရရှိနိုင်သလို အခြားသော နိုင်ငံများထက် လုပ်ခလစာသည်လည်း ကောင်းမွန်လှပါတယ်။ ဆေးပညာကို သင်ကြားပြီး နိုင်ငံရပ်ခြားတွင် ရေရှည် နေထိုင်ချင်သူများအနေဖြင့် ြသစတေးလျနိုင်ငံကို ရွေးချယ်သင့်ပါတယ်။ြသစတေးလျနိုင်ငံတွင် ဆေးပညာကို သွားရောက် ပညာသင်ကြားချင်တဲ့ ကျောင်းသားများ အနေဖြင့် ပညာရေးလမ်းကြောင်းများနှင့် ရွေးချယ်နိုင်တဲ့ တက္ကသိုလ်များကို လာမည့် ဧပြီလ (၂၅-၂၉)ရက်နေ့တွင် ရှင်းလင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်.ဒါကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက် လေ့လာနိုင်ပြီး ဆေးတက္ကသိုလ်များအကြောင်း သိရှိလိုသည်များကိုလည်း တိုက်ရိုက် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ထပ်မံသိရှိလိုပါက IHM တွင် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။